ကျောက်တန်းမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ကျောက်တန်း ဧပြီ ၃

အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာဗိမာန်တော်ကြီး၌ ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     

ရှေးဦးစွာ အခမ်းအနားကို ဆရာ‌တော်သံဃာ‌တော်များနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ကမာကလုတ်စံပြကျေးရွာ ကမာဆွဲလူငယ်ဖွံ့ဖြိုးရေးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါသေဌထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူ ကြည်ညို ခဲ့ကြသည်    

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က သာသနာရေးဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။           

ထို့နောက်စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့်ဝတ္တုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ဆက်ကပ်လှူဒါန်းခဲ့ရာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှ‌ပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်တွင် ပထမကြီးတန်းစာအောင်သံဃာ ၂ ပါး ပထမလတ်တန်း စာအောင်သံဃာ ၄ ပါး၊ ပထမငယ်တန်းစာအောင် သံဃာ ၁ ပါး အ​​ခြေပြု မူလတန်း စာအောင်သံဃာ ၃၆ စုစုပေါင်း သံဃာ(၄၃)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။

သန့်ဇင်ထွန်း