ခရမ်း ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာ မတင်ဝင်းရေးသားသည့် "အလုပ်ဆိုတာ အင်အားပါ" စာအုပ်မှ ခေတ်ကြီးနှင့်အမှီ လိုက်နေသော လူငယ်လူရွယ်များသည် အလုပ်သည်ဘဝမြင့်ရာသို့ တိုးတက်စေနိုင်သည့်တွန်းအားကိုထုပ်ပေးနိုင်ကြောင်း အဖိုးတန်အချိန်များကိုဖြုန်းတီးသူမဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ခေတ်ကြီးတိုးတက်စေ၍ မည်သည့်အပြုအမူက ခေတ်ကိုပျက်စီးစေကြောင်းတို့ကို နားလည်သင့်ပါကြောင်း ခေတ်လူငယ်များပီပီ ဉာဏ်ရည်မြင့်မားပါးနပ်စွာဖြင့် သူ့နေရာနှင့်သူ အဖိုးတန်သူလူတစ်ဦးဖြစ်လာအောင် စာအုပ်ပါအကြောင်းအရာများကို စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြင့် အလုပ်ဆိုတာအင်အားဖြစ်စေသည့် အကြောင်းအရာများကို လေ့လာဖတ်ရှုရခြင်းဖြင့် မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိတို့ကမ္ဘာကို လှပဝေဆာအောင်ပြုပြင်တတ်သူများ လုပ်အားတန်ဖိုးချစ်မြတ်နိုးသူများ၊ အလုပ်လုပ်ရင်းဖြင့် ဘဝတစ်ခုတိုးတက်အောင်မြင် ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )