ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်

ကွမ်းလုံ ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ ဝန်ထမ်းရပ်ကွက်၌ ပြည်သူများ လမ်းသွားလမ်းလာ အဆင်ပြေချောမွေ့စေရန်အတွက် အရှည်ပေ ၁၆၀၀ အကျယ် ၈ပေနှင့် အထူ ၄ လက်မရှိ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မတ်လ ၂၅ ရက်နေ့က စတင်ပြီး ရပ်ကွက်တွင်းနေ ပြည်သူများဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းရာ၌ ကွမ်းလုံမြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘိလပ်မြေအိတ် (၇၀)နှင့် သဲဗြုန်း(၁၀)စီး၊ ဒေါက်တာမျိုးထွန်းမှ ဘိလပ်မြေအိတ်(၁၀၀)၊ ဝန်ထမ်း ရပ်ကွက်တွင်းနေ ပြည်သူများမှ စေတနာရှင် အလှူရှင်များ၊ လုပ်အား အလှူရှင်များနှင့် ရပ်ကွက် ပြင်ပ အလှူရှင်များ စုပေါင်း၍ ဝိုင်းဝန်းထည့်ဝင် ဆောင်ရွက်ခဲ့ကြပြီး ယမန်နေ့အချိန်အထိ အရှည် ပေ(၁၀၀၀)ခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဝန်ထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်မောင်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)