နမ့်ဆန်မြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

နမ့်ဆန် ဧပြီ ၃

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် နှစ်အောက်အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့့နံနက်(၁၀)နာရီအချိန်တွင် နမ့်ဆန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီးနှင့် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မွေးစမှအသက် တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာမေးခိုင်အသည်းရောင် အသားဝါဘီဦးနှောက်အမြှေးရောင် စသည့်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို မွေးစအသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လ၊ အသက်(၉)လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)