မုံးကိုး ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီးထွားလာစေရန် အသက်(၂)လမှ အသက်(၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံရခြင်းသည် ကလေးငယ်များကျန်းမာသန်စွမ်းသောကလေးငယ်များဖြစ်လာစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာဝန်ကြီး ဒေါက်တာဒီးအောင်နှင့် ဆရာမနန်မိုဟွမ်က ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်များအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း(၅၆)ဦးတို့အား ကလေးကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)