ကမာရွတ်မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ကမာရွတ် ဧပြီ ၃

အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၃)အ​ခြေခံပညာ​ကျောင်းအတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာ‌တော်သံဃာ‌တော်များနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌပါဠိတက္ကသိုလ် သီရိမင်္ဂလာ​ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစိန္တိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​ကောင်းမြင့်သူက သာသနာရေးဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။           

ထို့နောက်စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် ဝတ္တုငွေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ဆက်ကပ် လှူဒါန်းခဲ့ရာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှ‌ပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ပထမကြီးတန်းစာအောင် သံဃာ ၄ ပါး၊ ပထမလတ်တန်း စာအောင်သံဃာ ၇ ပါး၊ အ​​ခြေပြုမူလတန်းစာအောင် သံဃာ ၁၉ ပါး စုစုပေါင်း သံဃာ(၃၀)ပါး အောင်မြင် ခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)