မော်လမြိုင်အသင်း (ရန်ကုန်)နှစ်ပတ်လည် အစည်းအဝေး သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

ရန်ကုန် ဧပြီ  ၃

မော်လမြိုင်အသင်း(ရန်ကုန်)၏(၁၀၃)နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ်၊ အောက်ပစ္စယံ-အုတ်လမ်းရှိ မော်လမြိုင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးဆန်းဦးကနုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အသက်(၈၀)နှစ်နှင့်အထက် အဘိုး/အဘွားများအား ကန်တော့ကျိုးဖြင့် အသင်းသူ အသင်းသားများက စုပေါင်း ကန်တော့ကြသည် ။

ဆက်လက်၍ ကန်တော့ခံအဘိုး နာယကကြီးဦးစိန်ရ ကမေတ္တာပို့ဆုတောင်းစကား ပြောကြားပြီး ကန်တော့ခံ အဘိုးအဘွားတို့အား အသင်းမှအလှူရှင်များနှင့် အခြားအလှူရှင်တို့က ကန်တော့ငွေ ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ (ယခုနှစ်)နှစ်ပတ်လည် အစည်းအဝေးအတွက် လှူဒါန်းသည့် အလှူရှင်များကို အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး အသင်းဝင်သား/သမီးများမှ ၂၀၁၉-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး ရရှိသူများနှင့် MASTER OF SCIENCS ဘွဲ့ရရှိသူများကို အသင်းဥက္ကဋ္ဌနှင့် အမှုဆောသ်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ၂၀၂၀-၂၀၂၂ ခုနှစ် အမှုဆောင်များ နုတ်ထွက်ကြပြီး ၂၀၂၃-၂၀၂၅ ခုနှစ် အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်တင်မြှောက်ကြကာ၊ ဥက္ကဋ္ဌ အသစ် ဦးဆန်းဦးက ကျေးဇူးတင် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)