ညောင်ဦး ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သင်္ကြန်ကာလ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သည့်အခါ ခရီးတစ်ထောက်နားနေနိုင်ရန် အနောက်ပလင်းကျေးရွာအနီး၌ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ နားနေနိုင်ရန် ဧရာဝတီမြစ်ကမ်းဘေးတွင် ခြေတံရှည်တဲများ၊ ရေပေါ်ဘောတွဲပေါ်၌ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန် ထန်းရွက်မိုးတဲ ဆောက်လုပ်ပေးထားကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းတွင် စွယ်စုံဆင်ထီးနှစ်ကောင်၊ ဆင်မလေးကောင်ရှိပြီး ဆင်စခန်းဝင်းအတွင်း ဆင်စခန်းလာဆင်ချစ်သူများ စိတ်အေးချမ်းသာစွာ အနားယူနေနိုင်စေရန် ရှည်တံရှည်ထန်းရွက်မိုးတဲများ၊ ထန်းပင်၊ မအူပင်၊ တလုတ်မန်ကျည်းပင်တို့နှင့်တွဲလျှက် သစ်ပင်မျှော်စင် ပြုလုပ်ပေးထားပြီး၊ ထိုမျှော်စင်ပေါ်သို့ တက်ရောက်နိုင်ကာ ပလင်းကမ်းသာယာဆင်စခန်းမှ ရောင်းချသည့် သန့်ရှင်းလတ်ဆတ်သော အစားအစာများ မှာယူစားသုံးနိုင်ကြောင်း၊ ဧရာဝတီမြစ် ဘောတွဲပေါ်တွင်လည်း ဆင်စခန်းလာ ဆင်ချစ်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် ရေပေါ်ထန်းရွကမိုးတဲဆောက် လုပ်ပေးထားကြောင်း၊ ဆင်စခန်းဝင်းအတွင်း ကလေးငယ်များ ပျော်ရွှင်စိတ်အေးချမ်းသာစွာ ကစားနိုင်ရန်၊ သစ်ပင်ပန်းမန်များ ချစ်ခင်မြတ်နိုးတတ်စေရန် ကလေးဥယျာဉ်နှင့်က စားကွင်းတွဲဖက် ပြုလုပ်ပေးထားကာ ကလေးဥယျာဉ်ထဲတွင် ဆင်ရုပ်မော်တော်ကားပုံစံ၊ ဆီးဆော၊ ဆီးလျှော၊ ဒါန်း၊ ချားရဟတ်တို့ဖြင့် ကလေးငယ်များ ပျော်ရွှင်စွာကစားနိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရသည်။ ဒါ့ပြင် ဧရာဝတီမြစ်ဘက်သို့ မျက်နှာမူကာ ရှုမျှော်ခင်းကြည့် ကျွန်းသစ်တံတားထိုးထားပေးထားပြီး ဆင်စခန်းလာ ဆင်ချစ်သူများ အလှဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ရန် ငှက်တောင်ပံပုံ၊ မြစ်နောက်ခံနှင့်အသဲပုံ၊ တီဗီမျက်နှာပြင်ပုံစံများပုံ ဖော်ထားသည့် ဓာတ်ပုံရိုက်ကူးနိုင်သည့်နေရာများ တံတားပေါ်တွင် ပြုလုပ်ပေးထားကြောင်း၊ ဆင်ချစ်သူများ ဆင်ရေချချိန်တွင်လည်း ဆင်များနှင့်အတူရေချိုး၍ အလှဓာတ်ပုံ ရိုက်ကူးနိုင်ကြောင်း၊ ဆင်စီးချိန်တွင်လည်း သဘာဝတောတောင်များထဲတွင် ဆင်စီးသကဲ့သို့ ကုန်းတက်၊ ကုန်းဆင်းလမ်း၊ မြစ်ကမ်းဘေးတစ်လျှောက်တို့တွင် ဆင်စီးလမ်းကြောင်း ဖောက်လုပ်ပေးထားကြောင်းသိရပြီး၊ ဆင်ပြတိုက်တွင်လည်း ဖောင်ဖွဲ့ရေးလုပ်ငန်း၊ ဆင်များသစ်ဆွဲပုံ၊ ဆင်ဦးစီး၊ ဆင်ခေါင်း၊ ဆင်ပဲ့ချိတ်များနေထိုင်သည့် တောတွင်းနေသစ် ဝိုင်းတဲပုံစံများ၊ ဆင်စွယ်အမျိုးမျိုးနှင့် မြန်မာ့သစ်လုပ်ငန်း၊ သစ်ဝိုင်းများတွင် ပေါက်ဖွားခဲ့သည့် ဆင်အမွှာပူးများ၊ ဆင်ဖြူတော်များအကြောင်း၊ ဆင်များအမိန့်နာခံတတ်စေရန် သင်ကြားပေးသည့် ဆောပိုက်သီချင်း၊ အာရှဆင်၊ အာဖရိကဆင်များအကြောင်း ယှဉ်တွဲဖော်ပြ ပေးထားပြီး ဆင်များမှတ်ပုံတင်စာအုပ်၊ တောတွင်းဆင်များအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းဗွီဒီယိုကိုလည်း ဖွင့်ပြပေးထားသည်ကို လေ့လာနိုင်ကြောင်း ပလင်းကမ်း သာယာဆင်စခန်း တာဝန်ရှိသူများက ရှင်းပြသည်။ ဆင်စခန်းလာ ဆင်ချစ်သူများ ပလင်း ကမ်းသာယာ ဆင်စခန်းဝင်းအတွင်း မွေးမြူထားသည့် ယုန်များကိုလည်း ယုန်စာဘူဖေး ကျွေးမွေးနိုင်ခြင်း၊ ဆင်စာဘူဖေးကျွေးနိုင်ခြင်းနှင့် တစ်ဗန်းခြင်းကိုလည်း ဝယ်ယူကျွေးမွေးနိုင်ကြောင်း၊ ဆင်စခန်းသို့လာရောက်သည့် အခါတွင်လည်း ဆင်စခန်းဝင်ကြေး ပြည်တွင်း ဧည့်သည်တစ်ဦး တစ်ထောင်ကျပ်၊ ပြည်ပဧည့်သည်တစ်ဦး တစ်သောင်းကျပ်နှင့်ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေးများအား ဆင်စခန်းဝင်ကြေး ကင်းလွှတ်ခွင့်ပြုထားကြောင်း သင်္ကြန်တွင်းကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သည့်အခါ ခရီးတစ်ထောက် နားနေရာအဖြစ် ပလင်းကမ်းသာယာဆင်စခန်းသို့ ဝင်ရောက်အပန်း ဖြေလေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း