တစ်ဖက်ပိတ်ဆည်တည်‌ဆောက်ရေးအတွက် အကျိုးပြုရာသီသီးနှံစိုက်ပျိုးမြေဧကများ ကွင်းဆင်းကြည့်ရူ

နောင်တရား ဧပြီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ထီရွှေကျေးရွာအနောက်ဘက် ဘီလူးချောင်းပေါ်တွင် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရေးအတွက် အကျိုးပြုရာသီသီးနှံစိုက်ပျိုးမြေဧကများကို ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းထွန်းနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရူသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းထွန်း၊ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှညိမ်းနှင့် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ထီရွှေးကျေးရွာ စုပေါင်းခန်းမ၌ ဘီလူးချောင်းပေါ်၌ တစ်ဖက်ပိတ်ဆည်တည်ဆောက်ရေးအတွက် အကျိုးပြုနိုင်မည့် ရာသီသီးနှံစိုက်ပျိုးမြေဧကများနှင့် ယခုစိုက်ပျိုးထားသည့် စိုက်ပျိုးရေးသီးနှံအခြေအနေများကို ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် တစ်ဖက်ပိတ်ဆည်တည်ဆောက်မည့် ထီရွှေးကျေးရွာ အနောက်ဘက် ဘီလူးချောင်းသို့ သွားရောက်၍ တစ်ဖက်ပိတ်ဆည်တည်ဆောက်မည့် မြေပြင်အခြေအနေနှင့် အကျိုးပြုနိုင်မည့် စိုက်ပျိုးမြေဧကများကို ကွင်းဆင်းကြည့်ရူသည်။

တစ်ဖက်ပိတ်ဆည်တည်ဆောက်ပြီးစီးပါက စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ပေါ့အင်ကျေးရွာ၊ ဘုရာဖြူးကျေးရွာ၊ ထီရယ်ကျေးရွာ၊ ထီရွှေးကျေးရွာများမှ အိမ်ထောင်စု (၈၀၀)ကျော်အတွက် စိုက်ပျိုးမြေဧကပေါင်း (၃၀၀၀)ခန့် အကျိုးပြုနိုင်မည်ဖြစ်သည်။ အဆိုပါကျေးရွာများ၌ စိုက်ပျိုးရေး တောင်သူများက အာလူး၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ မုန်လာစသည့်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)