မိတ္ထီလာမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ

မိတ္ထီလာ ဧပြီ ၃

မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုရေကစားမဏ္ဍပ်ကို မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း နှင့် အထက ၁ လမ်းအနီးနေရာတွင်  ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမှာ ၂ဝ၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဗဟိုရေကစားမဏ္ဍပ်ကိုလည်း မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေး အထက ၁ လမ်းအနီးနေရာမှာ ဆောက်လုပ်လျက်ရှိပါတယ်။ ဧပြီလ ၁ ရက် နေ့ကစတင်ပြီး ဗဟိုရေကစားမဏ္ဍပ်ကို ဆောက်လုပ်တာဖြစ်ပြီး အချိန်မီပြီးစီးအောင် ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်ဟု သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဗဟိုရေကစားမဏ္ဍပ်တွင် မဏ္ဍပ်အလယ်စင်နေရာ၌  သင်္ကြန်ယိမ်းအကများ ဖျော်ဖြေရန်နှင့် ပြိုင်ပွဲဝင်ရန်နေရာ၊ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေရန်နေရာတို့အပြင်  မဏ္ဍပ်၏ ဘေးတစ်ဘက်စီတွင် ပွဲကြည့် စင် ၂ ခုကိုလည်း ထည့်သွင်းဆောက်လုပ်ထားသည်။  ဗဟိုရေကစား မဏ္ဍပ်၏ အရှေ့ဘက်ဘယ်ညာတစ်ဘက်စီတွင်လည်း သင်္ကြန်ရေကစားရန်  စင်နေရာ ၂ ခုကို ဆောက်လုပ်ထားကြောင်း သိရသည်။

မိတ္ထီလာမြို့ မဟာသင်္ကြန်ပွဲတော်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်မှ သင်္ကြန်ယိမ်းအဖွဲ့ များပါဝင်ယှဉ် ပြိုင်မည့် သင်္ကြန်ယိမ်းပြိုင်ပွဲ၊ ဗဟိုမဏ္ဍပ်အနီး ပေါက်ချောင်းလမ်းတွင်လည်း လမ်းလျှောက် သင်္ကြန်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး မဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အတက်နေ့အထိ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများ ကိုလည်း ဗိုလ်ချုပ်ပုံတုကြေးရုပ်ပန်းခြံအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ချမ်းသာ၊ဦးချမ်းသာ