သီပေါမြို့၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်

သီပေါ ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်များအား လစဉ်လဲလှယ် ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့(၉)နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား အသစ်လဲလှယ် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ၊ အယ်လ်နီညိုဖြစ်စဉ်၏ ရာသီဥတုပူပြင်းမှု အကျိုးဆက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် ရှောင်ရန်၊ ဆောင်ရန်များစသည့် အပူဒဏ်နှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးတွင် ကလေးများအား မဖြစ်မနေသင်ထားရမည့် အကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသဖြင့်  အုပ်ထိန်းသူမိဘများနှင့် ကလေးများ လိုက်နာသတိပြုရန်အချက်များ စသည့် သတိထားရမည့်အချက်များ၊ ကြိုတင် ကာကွယ်ရမည့်အချက်များ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)