ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုလျင်မြန်ဆန်ပြီး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူ ထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းတံတားများ ပြုပြင်ဆောင်လုပ်ပေးလျက် ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာ လမ်းတွင် သံကူကွန်ကရစ်တံတားအသစ်(၁)စင်း ဆောက်လုပ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိမ်သိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၈၃.၅၂)သန်းဖြင့် ဇွဲမာန်ဟုန်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူပြီးဆောင်လုပ်ခဲ့ကြောင်းနှင့် တံတားအရည်အသွေးနှင့် သတ်မှတ်အချိန်ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာနကြီးကြပ်မှုဖြင့် လမ်း၏ (၅၇)ကီလို မီတာမှ (၅၈)ကီလိုမီတာအတွင်းတွင် (၆.၀၉)ကီလိုမီတာx(၉.၁၄)မီတာရှိ သံကူကွန်ကရစ်တံတားအသစ်(၁)စင်း တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားများ ဆောက်လုပ်ပေးခြင်းကြောင့် ဒေသအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် လမ်းအသုံးပြုသူများ၏ ကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)