မြင်းခြံမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြင်းခြံ၊ အောက်တိုဘာ ၂

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက် နံနက် ၁၀ နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စေ့စပ်ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်က ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ကျင့်ဝတ်နှင့်လုပ်ငန်းများ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့်စည်းကမ်းချက်များ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေး၊ မဲဆွယ်စည်းရုံးရေးမှာလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီမှ ထုတ်ပြန်သော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီ ကိုယ်စားလှယ်များ၊ ဩဇာတိက္ကမရှိသူ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။ မြင်းခြံခရိုင်တွင် မဲရုံပေါင်း ၉၆၀ ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၆၉၀၈၅၃ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။                                          

ကျော်စွာ(မြင်းခြံ)