ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ၊ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ဂွ ဧပြီ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဧပြီလ(၁)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး စာသင် ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးသန့်ဇင်အောင်က လုံခြုံရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး ခင်မောင်ထွန်းက အကြမ်းဖက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့နှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဂွမြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီက တရားမဝင်ဘင်္ဂါလီလူမျိုးများ သယ်ဆောင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့မိမြို့ဖ ဦးလှတင့်က ဒေသလိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာစာသင်ကျောင်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်