ကမာဝက်မြို့ ကျိုက်တမော့တောင်ပေါ် ကျောင်းဆရာတော် ရွှေကျင်ဂိုဏ်းချုပ် ဂုဏ်ပြု ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်

မုဒုံ ဧပြီ ၂

မွန်ပြည်နယ်၊ ကမာဝက်မြို့၊ ခြ‌င်္သေ့ကျောင်း ပရိယတ္တိစာသင်တိုက် သီဟရာဇာစမ္မာရုံ၌ ရွှေကျင်နိ့ကာယ သံဃာအစည်းအဝေးကြီးက အတည်ပြုပြဌာန်း သတ်မှတ်ထားသည့် ဂုဏ်အင်္ဂါ အရည်အချင်းနှင့်ပြည့်စုံသော ကျိုက်တမော့တောင်ပေါ်ကျောင်းဆရာတော် သက်တော်(၉၀)နှစ်၊ဝါတော်(၇၀)ဝါရှိ ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်အား ရက္ကူညူမဟာ နာယက ရွှေကျင်ဂိုဏ်သံဃာများ၏ အကြီးအကဲဂိုဏ်းချုပ် ဆရာတော်အဖြစ်ခန့်အပ် ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ခြ‌င်္သေကျောင်းဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ စန္ဒကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက်ကမာဝက်မြို့၊ ဂုံညှင်းတန်းဆရာတော် ဘဒ္ဒန္တညာဏမှ ရတ္တညူမဟာနာယက ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး၏ ကိုယ်ရေး အကျဉ်းနှင့် အတ္တုပ္ပတ္တိအား ဖတ်ကြားရှင်းလင်းခဲ့ကြောင်း၊ သာသနာပိုင်အမိန့်နှင့် ခန့်အပ်လွှာကို ပြည်နယ်သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းမှ ဖတ်ကြားရှင်းလင်းကာ ရွှေကျင်ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ မဟာထေရ်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာ များကို တင်ပြလျှောက်ထားခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်/ သံဃာတော်နှင့် သီလရှင်တို့အား လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ခြင်္သေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ စန္ဒကုမာရမှ လှူဒါန်းမှုအစုစုတို့အတွက်  ရေ စက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌာတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)