နန်းယွန်း အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဒုတိယအကြိမ် မဲဆန္ဒ ရှင်စာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာ လျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ( ၁ )ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဖွဲ ရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည် ထည့်သွင်း ရန်တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင် သူများဖြစ်ပါက ပုံစံ-၃(က) ဖြင့်လျှောက် ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက် အလက်မှ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စီစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် မဲစာရင်းများလာရောက်ကြည့်ရှုကြရန် ကပ်ထားကြေညာ ထားကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)