ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Physical Fitness Dance ပြိုင်ပွဲကျင်းပ

ဗဟန်း ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Physical Fitness Dance ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများကို ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီး မြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

“ကျွန်မတို့အားကစားနှင့်ကာယပညာဦးစီးဌာနအနေနဲ့ ကျောင်းသား/သူ များ‌ နွေရာသီ ကျောင်းပိတ်ရက်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ကျန်းမာကြံခိုင်စေရန်အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ Fitness Dance အကကို သင်ကြားပြသပေးလျက်ရှိပါတယ်။ အခုက ခရိုင်ပြန်/ဆက်ဦးစီးဌာနရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ပူးပေါင်းကာ ပြိုင်ပွဲကျင်းပပေးရခြင်း ဖြစ်ပါတယ်။ အခြေခံပ ညာကျောင်းများမှာလည်း မြို့နယ်အား/ကာဦးစီးဌာနအနေနဲ့ သွားရောက်ပြီး Fitness Dance အကများကို သင်ကြားပေးလျက်ရှိပါတယ်လို့” မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်‌အောင်မာဝင်း၏ ပြောကြားချက်အရ သိရသည်။

စန္ဒာမိုး