မိုင်းတုံ ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမ်ြု့နယ်၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် လွယ်ခမ်းလုံကျေးရွာအုပ်စုတွင် စမ်းသီတာ ကျေးရွာ၊ ပါခတ်ကျေးရွာ၊ ဖာချယ်ကျေးရွာအုပ်စုတွင် ပန်ကျိုင်းကျေးရွာ၊ များအတွင်းရှိ ဝက်မွေးမြူရေးအစုအဖွဲ့ ၃ ဖွဲ့၏ ဝက်မွေးမြူရေးအခြေအနေ ဝက်ကျန်းမာရေးနှင့် ဝက်ခြံများ ပိုးသတ်ဆေးများ လိုက်လံပတ်ဖျန်းခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အောင်ဖြိုးဝေက မွေးမြူရေးခြံများ၌ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများ ကူးစက်မှုမဖြစ်ပေါ်စေရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းဖြစ်ကြောင်း တောင်သူများတွင်မွေးမြူထားသော နွားများကိုလည်း ပေါင်ပုတ်လက်ပုတ်၊ ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ နို့စားနွားမွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများ၊ ကြက်မွေးမြူရေးခြံများ၊ ဆိတ်မွေးမြူရေးခြံများသို့လည်း လစဉ်သွားရောက်၍ မွေးမြူရေးခြံပိုင်ရှင်များအား ကျွဲ၊ နွား၊ ဝက် ကြက်များတွင် ဖြစ်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ပိုးသတ်ဆေးအသုံးပြုပုံ အသုံးပြုနည်းများကိုလည်း အသိပညာပေးလျက်ရှိသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)