ညောင်ဦး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်း ညောင်တိုတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ညောင်တိုတဲတိုက်သို့သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းက သွားရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်တိုတဲတိုက်သို့ ဝေမျှခြင်းမိသားစုက သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း