မလှိုင်မြို့နယ်၊ ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းသားများအား သင်္ကြန်ကာလအထောက်အပံ့ဖြစ်စေရန် အတိုးရငွေနှင့် အသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မလှိုင် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းနှင့် တော်ဝင်ငွေစု ငွေချေး သမဝါယမအသင်းမှ အသင်းသားများအား သင်္ကြန်ကာလအထောက်အပံ့ဖြစ်စေရန် အသင်းသားပိုင် စုဆောင်းငွေများအပေါ် အတိုးရငွေများနှင့် အသင်းမှထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပျူကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။       

ထောက်ပံ့ပေးအပ်ပွဲတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကိုက သမဝါယမဆိုင်ရာ လုပ်ငန်းစဉ်များ၊ စုဆောင်းငွေများ ဆက်လက်စုဆောင်းရေးနှင့် အသင်းသားများအနေဖြင့်   စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စုဆောင်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် တက်ရောက်လာသည့် အသင်းသားများ၏ မေးမြန်းချက်များကို သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကိုက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ယင်းနောက် ပျူကန်ကျေးရွာ စိုက်ထွေသမဝါအသင်းမှ အသင်းသား(၈၈)ဦးနှင့် တော်ဝင်ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းသား(၁၅)ဦးတို့အား  အသင်းသားပိုင်ဆိုင်သော စုဆောင်းငွေများအပေါ် အတိုးရငွေ စုစုပေါင်း (၁၆ဝ၆၅၃ဝ)ကျပ်နှင့် မြို့နယ်သမအသင်းမှ ထောက်ပံ့သည့် (၂ဝ၅ဝဝဝ)ကျပ်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကိုနှင့် ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများက အသင်းသားများအား ပေးအပ်ခဲ့ပြီး အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းဥက္ကဋ္ဌနှင့် အသင်းသားများ၊  တော်ဝင်ငွေစု၊ ငွေချေး သမဝါယမအသင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်

အောင်ဌေး(မလှိုင်)