မုဒုံ ဧပြီ ၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာ ငွေစု၊ ငွေချေး သမဝါယမအသင်းလီမီတက်မှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများပေးအပ်ခြင်းကို မတ်လ ၃၁ ရက်နေ့မှစတင်ကာ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသင်းဥက္ကဋ္ဌ ဦးသန်းတင်က သမဝါယမဆိုင်ရာလုပ်ငန်းစဥ်များ၊ စုဆောင်းငွေများ ဆက်လက်စုဆောင်းကြစေရေး၊ စုဆောင်းတက်သည့် အလေ့အကျင့်ကောင်းများမှ ရရှိနိုင်မည့်အကျိုးများနှင့်စပ်လျဥ်း၍ အသေးစိတ်ကို အသင်းသား/သူများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အုပ်စုမှူးများမှတစ်ဆင့် အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးမင်းသောင်းဟန်နှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား/သူ စုစုပေါင်း ၂၂၃၄ ဦး၏ စုဆောင်းငွေအပေါ် အတိုး ၁၇၁၄၂၇၅၅၇ ကျပ်အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သားငယ် (ပြန်/ဆက်)