ပုဗ္ဗသီရိမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး

ပုဗ္ဗသီရိ ဧပြီ ၁

ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။

ပုဗ္ဗသီရိ​မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရာ တွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက် နှစ်နှစ်အထိ ကလေးများအား BCG ရောဂါ ကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီ ရောဂါ ကာကွယ်ဆေး၊ ဝက်သက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည် ကာကွယ်ဆေးများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

သန္တာလင်း(ပုဗ္ဗသီရိ)