ရွှေပြည်သာမြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာ ကွယ်ဆေးများတိုက်ကျွေး၊ ထိုးနှံခြင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင် မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးထိုးနှံခဲ့သည်။

မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို လစဉ်ဆောင်ရွက် လျက်ရှိပြီး ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများ က မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက် ရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါကာကွယ်ဆေး စသည်တို့ကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သည်။

ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး အနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်စသည့် လုပ်ငန်း များနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးမိုး(ပြန်/ဆက်)