ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဧပြီ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီ ၁ ရက်၊ နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေး ခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းမှ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားကာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပုဂံဒေသသန့်ရှင်းသာယာလှပရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက အကြံပြု ဆွေးနွေး တင်ပြကြရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အကြံပြု ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွပ်ပေး ခဲ့ကြောင်း သိရသည်။

ဒီပါလင်း