ညောင်ဦး ဧပြီ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရားကြီးသွားရာလမ်း တစ်လျှောက်နှင့် ဓမ္မရံကြီးဘုရားဝင်းအတွင်း ဧပြီ ၁ ရက်၊ နံနက် ၇ နာရီအချိန်ကစုပေါင်း ပလတ်စတစ် ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်ကြကြောင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အာနန္ဒာဘုရားကြီးသွားရာလမ်းတစ် လျှောက်နှင့်ဓမ္မရံဘု ရားကြီးဝင်းအတွင်း ညောင်ဦးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ Regency Hotel ဝန်ထမ်းများ၊ Aureum Place Hotel ဝန်ထမ်းများ၊ Bagan Sense Hotel ဝန်ထမ်းများ၊ Tharaba Hotel ဝန်ထမ်းများ၊ Sky View Hotel ဝန် ထမ်းများ စုပေါင်းကာ ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများအား စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြု လုပ်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း