မဟာအောင်မြေ ဧပြီ ၁
ရှေးဦးစွာ မန္တလေးခရိုင်၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းနေအရွယ် ကလေးသူငယ်များနှင့် အင်္ဂလိပ်စာစကားပြော ဝါသနာပါသူများ စုပေါင်း၍ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ သင်ကြားပေးခဲ့ကြောင်း အင်္ဂလိပ်စာသည် လူတိုင်း လေ့လာသင်ယူသင့်သော ဘာသာစကားတစ်ခုဖြစ်ကြောင်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေဟာ တာဝန်တွေ လက်ဆင့်ကမ်းတဲ့အချိန်တွေ ရောက်လာရင် နိုင်ငံတော်အတွက်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်ဖြစ်စေ အင်္ဂလိပ်ဘာသာစကား၊ အင်္ဂလိပ်စကား ပြောသည် အလွန်ပင်အရေးပါကြောင်း အချိန်တိုအတွင်း အခြေခံအင်္ဂလိပ်စကားပြော အခြေခံသိရှိသွားသည့်အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်းစသည့် အကြောင်းအရာများ ပြောကြားပြီး သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး အင်္ဂလိပ်စကားပြောသင်တန်းပို့ချသူ ဆရာ ကြီးဦးအောင်ထွန်းထွန်း (ဟာမိုနီ)က အင်္ဂလိပ်စာတွင် အရေးကြီးသော မြန်မာသဒ္ဒါပိုင်း အခြေခံသော၊အင်္ဂလိပ်စာစကား ကျွမ်းကျင်မှုရှိ စေရန် အချိန်တိုအတွင်း စနစ်တကျ သင်ကြားခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း ဆက်လက်ပြောကြားသည်။
အဆိုပါ သင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် ဝန်ထမ်းများ သင်တန်းသား/သူများ၏ မိဘများ တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိနှင့် သင်တန်းနည်းပြမှ တက်ရောက်သင်ကြားသော သင်တန်းသား/သူ(၁၇)ဦးအား သင်တန်းဆင်လက်မှတ်များ ပေးအပ်ခဲ့သည်။
အောင်ဇော်မင်း