မိုင်းပျဉ်း ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ၊ အခြေခံပညာဦးစီးဌာန၊ မူလတန်းဆင့် စွမ်းရည်မြှင့်မားရေး သင်တန်းဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဇီဝကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက သင်တန်းဆင်းပွဲ အမှာစကား ပြောကြားပြီး၊ သင်တန်းသူသင်တန်းသား ဆရာ၊ဆရာမများကိုယ်စား သင်တန်းသားဆရာတစ်ဦးဖြစ်သူ ဦးအောင်ရဲကျော် (အမက−ဒူးအယား)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် မူလတန်းဆင့် စွမ်းရည်မြှင့်မားရေး သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ဘာသာရပ် အလိုက် ဆရာမလေးများက အကပဒေသာများ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ မူလတန်းဆင့် စွမ်းရည်မြှင့်မားရေး သင်တန်းဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားသို့ မိုင်းပျဉ်းမြို့နယ် အတွင်းရှိ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် မူလတန်းဆင့် ဆရာ၊ဆရာမများ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ကြပြီး ၊ သင်တန်းဆွေးနွေးပွဲ ကာလ(၄)ရက် ကြာမြှင့်ခဲ့ကြောင်း ပညာရေးဌာနမှ သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)