ဇမ္ဗူသီရိမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် ကပ်ထားကြေညာ

ဇမ္ဗူသီရိ အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုသူ ပြည်သူများ အနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ () ဖြင့် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူ များပါဝင်ပါက ပုံစံ() ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (-) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို  သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အဆိုပါ မဲစာရင်းများအား အောက်တိုဘာ () ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်သည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု () အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၄၅) ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း (၈၅၅၁၃) ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)