သိန္နီမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ်သင်ရိုး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

သိန္နီ ဧပြီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ် သင်ရိုးသစ်မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မူလတန်းအဆင့် စနစ်သစ်သင်ရိုး မွမ်းမံသင်တန်းတွင် တက်ရောက်ခဲ့သော ဆရာ၊ ဆရာမများအား  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ဆရာ၊ဆရာမများ၏ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းသူ ဆရာမများပါဝင်သော အဖွဲ့(၆)ဖွဲ့က အခမ်းအနားသို့ တက်ရောက်လာသူများအား တေးသီချင်းအကများဖြင့် ဂုဏ်ပြု ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ မူလတန်းအဆင့် ဘာသာရပ်ဆွေးနွေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်များအတွက် သင်ကြားရာတွင် အထောက်အကူဖြစ်စေမည့် သရုပ်ပြကားချပ်များ လက်တွေ့ပြုလုပ်ဆောင်ရွက်ထားမှုများအား အဖွဲ့လိုက်ကိုယ်စားတစ်ဦးမှ တက်ရောက်လာသူများကို ရှင်းလင်းပြောပြခဲ့သည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသားများအား တက်ရောက်လာသူများက အမှတ်တရ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)