ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကာရာတေးဒို သင်တန်း(အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် လူငယ်များဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဧပြီ(၁)ရက်နံနက် (၈)နာရီက အခြေခံကာရာတေးဒိုသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။

သင်တန်းတွင် ကာရာတေးဒိုနည်းပြဆရာမ ဒေါ်ထက်ထက်က အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ လက်သီးထိုးနည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိပြီး ကာရာတေးဒို အားကစားပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများ သန်မာစေခြင်း၊ ကာယပို်ငး၊ ဉာဏပို်ငး၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရှိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၃၇)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ ဧပြီ(၁)ရက်နေ့မှ(၅)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြား ပေးသွားမည် ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီအား လပ်ရပ်များတွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Myanmar Fiteness Dance သင်တန်း၊ ပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ်သင်တန်းများအပြင် စာပေရေးသားနည်း သင်တန်းများ ဆက်လက်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ခရိုင်(ပြန်/ဆက်)