အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဆင်းပွဲနှင့် လူငယ်အသိ ပညာပေးဟော ပြောပွဲကျင်းပ

 အမ်း   ဧပြီ  ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဖွင့်လှစ်လျက်ရှိရာ မတ်လ ၃၁ ရက် နေ့က သင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးစန်းဝင်းက ယခုလို နွေရာသီကာလ၌ အခြေခံ Physical Fitness Dance သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအတွက် ကိုယ်လက်လှုပ်ရှားအားကစားနည်းများနှင့် Physical Fitness Dance ကကွက်နည်းများကို စနစ်တကျသင်ယူနိုင်‌ကြောင်း၊ အားကစားသင်တန်းများတက်ရောက်၍ ကျန်းမာပျော်ရွှင်ပြီး ဗဟုသုတများတိုးပွားကာ အတတ်ပညာများကိုစဉ်ဆက် မပြတ်လေ့သင် ယူကြရန်လိုကြောင်း၊ နွေရာသီအားလပ်ရက်များတွင်အချိန်တွေကို အကျိုးရှိရှိအသုံးချ နိုင်စေရန် ပြည်သူ့စာ ကြည့်တိုက်သို့လာရောက်ပြီး စာပေဗဟုသုတများကိုဆည်းပူလေ့ လာဖတ်ရှုနိုင်ပါကြောင်း နည်းပညာခေတ်တွင်ခေတ်နှင့် အညီနောက်ကျမကျန်ရ အောင်စာကြည့် တိုက်များကို အသုံးချလေ့လာကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝေကလူငယ်များ အနေဖြင့်အားကစားသင်တန်း တက်ရောက်၍ နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစား နည်းများ ပြုလုပ်သည့်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးပြီး ကျန်းမာပျော်ရွှင်မှုများရရှိကာအခြေခံ Physical Fitness Dance သင်တန်းမှ သင်တန်းဆရာမများ သင်ကြားပြသသည့် ကကွက်နည်းများကို စနစ်တကျတတ် မြောက်ပြီးလျင် ဆက်လက်လေ့ကျင့်သွား ရန်လိုကြောင်းပြောကြား ကာလူငယ်အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။

နွေရာသီအခြေခံ Physical Fitness Dance သင်တန်းကို မတ်လ(၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်ကာ သင်တန်းဆရာမ(၂)ဦး က ဦးဆောင်၍ နွေရာသီအားလပ်ရက်တွင် သင်တန်းသူများကိုကိုယ်လက်လှုပ်ရှားအားကစားနည်းများနှင့် Physical Fitness Dance ကကွက်နည်းများကိုစနစ်တကျ သင်ကြားပေးခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း