မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုင်းယောင်း  ဧပြီ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက မီးခိုးမြူငွေ့ များပြားနေမှုနှင့် ပတ်သက်၍ တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်း မရှိစေရေး၊ ယင်းနှင့် ပတ်သက်၍ ဒေသန္တအမိန့်ထုန်ပြန်ထားရှိပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက မီးခိုးမြူငွေ့ လျော့နည်းကင်းစင်ရေးနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ဝတ်စုံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း