ဇမ္ဗူသီရိ ဧပြီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာ၊ တိုက်အမှတ် (၃၀၆)၊ အခန်း (၁၁) တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အခန်းအတွင်းရှိ ဘုရားစင်တွင် ပူဇော်ထားသော အလှဆင်မီးဆိုင်းမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားနေကြောင်း မွန်းလွဲ ၁ နာရီ အချိန်တွင် ပြည်သူတစ်ဦးမှ ဖုန်းဖြင့် သတင်းပေးပို့သဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင် ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၆) ဦး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၃+၁၀) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဖြိုးညွန့်မောင်ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၉) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ လွှတ်တော်နယ်မြေမီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးရာဇာထွန်းဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၃) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးချစ်ကိုကို ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၃) ဦး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သုခသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်သူဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၃) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဗလသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးသိန်းနိုင်ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၄) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရွှေကြာပင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးတင်ရွှေမောင်ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၁+၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ စုစုပေါင်း သန္ဓေတပ်ဖွဲ့ဝင် (၁၀+၄၃) ဦး၊ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် အဲကွန်း ၁ လုံး၊ ကျွန်းဘုရားစင် ၁ ခု မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်အခန်းပိုင်ရှင်အား ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)