ပုဗ္ဗသီရိ ဧပြီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ ခုနှစ် အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်းပွဲအား ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ဇေယျာသီရိခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်လှ၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့သည်။ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲတွင် နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးမှ သင်တန်းဆင်းအမှာ စကားပြောကြားရာ၌ “ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်နှင့် သင်ကြားရေးအရည်အသွေး မြင့်မားလာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် သင်ကြားရေးအတွက် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချလိုက်သည်များကို ထိထိရောက်ရောက်ဖြစ်အောင် ပြန်လည်သင်ကြားပေးဖို့လိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများက အကများဖြင့်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)