အမ်း မတ် ၃၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်အချိန်က ကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်၍ မတ်လ(၁၆)ရက်နေ့မှ စတင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်တွင် လေ့လာသင်ယူခဲ့ကြသည့် လူငယ်များအနေဖြင့် အသိပညာအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့သင်ယူ၊ တတ်မြောက်ထားသည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချ တတ်စေရန်ရည်ရွယ်ပါကြောင်း၊ လူငယ်များအား လပ်ချိန်များတွင် ပြည်သူစာကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးပါကြောင်း ယခုအချိန်အခါသည် အသိပညာအတတ်ပညာခေတ်ဖြစ်၍ လူငယ်များ အသိပညာအတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ထားသင့်ကြောင်းဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက်ပန်းချီဆရာ၊ ဦးဖြိုးဝေဇင်က ကျောင်းသား/သူများအား ပန်းချီပညာနှင့် ပတ်သက်၍ အခြေခံနည်းစနစ်များကို သင်ကြားပေးခဲ့ကြောင်း ယခုပန်းချီသင်တန်းတွင် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အရာဝတ္ထုများရေးဆွဲနည်း စသည့်ဖြင့် ပန်းချီရေးဆွဲနည်းများကို လွယ်ကူသည့်နည်းများဖြင့် မတ် ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာတွေ့/လက်တွေ့နည်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့မျှ အားလက်တွေ့အနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးကာ ဆုရသူ (၅)ဦးအား ဆေးရောင်ချယ် ခဲတံနှင့် လက်ဆောင်စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း