သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ကြက်သွန်နီများအား ဈေးနှုန်းချိုသာသွာဖြင့် ရောင်းချပေး

သုံးခွ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကြက်သွန်နီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်တို့နှင့် ချိတ်ဆက်ပြီး သုံးခွမြို့နယ် သမဝါယမအသင်းစုအတွက် ဆိတ်ဖြူဒေသထွက် ကြက်သွန်နီများကို မြို့နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသူ အသင်းသားများ၊ ဌာနဆိုင်ရာများနှင့်အများ ပြည်သူများအား  သက်သာချောင်ချိရေး အတွက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဈေးနှုန်းချိုသာစွာဖြင့် ကြက်သွန်နီရောင်းချခြင်းကို မတ်လ ၃၀ ရက်နေ့မှစတင်၍ သုံးခွမြို့နယ် သမဝါယမအသင်းစုအရောင်းဆိုင်တွင် ရောင်းချပေးမှာဖြစ်ပြီး ကြက်သွန်နီ တစ်ပိဿလျှင် ၁၆၅၀ ကျပ်နှုန်းဖြင့် ၆၂၅ ပိဿာအား ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း