တန့်ယန်း မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခု အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့ ပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများကြီးကြပ်၍ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီထိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပဖြေဆိုကြသည်။
အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့တွင် မြို့နယ်ရှိ ကျောင်းတိုက်အသီးသီးမှ အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများမှ ရဟန်း (၁)ပါး၊ သာမဏေ (၁၄)ပါး၊ သီလရှင် (၅၅)ပါး စုစုပေါင်း (၇၀)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီး ကော်မတီမှ ဆရာတော်ကြီးများ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)