သန်လျင်ကျေးလက်ကွန်ကရစ်တံတားဖွင့်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်အားပေးချီးမြှင့်

သန်လျင် မတ် ၃၁

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အုပ်ဖိုစု-သနပ္ပင်လမ်းပေါ်ရှိ ငပတံတားပေ(၁၆၀)ဖွင့်ပွဲကို ယနေ့နံနက်(၁၀း၃၀)နာရီတွင် အဆိုပါတံတားထိပ်မုခ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်ဇော်က တံတားတည်ဆောက်ခဲ့မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကွန်ကရစ်တံတားသစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးသက်ဇော်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တံတားကဗ္ဗည်းကျောက်စာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဝန်ကြီးများကအမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တံတားပေါ်ဖြတ်သန်းကြည့်ရှုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းသည် တာဝန်ရှိသူများလိုက်ပါ၍ တည်ဆောက်ဆဲ သန်လျင်-ရန်ကုန် ပဲခူးမြစ်ကူး အမှတ်(၃)တံတား တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)