မိုင်းခတ် မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း ဒေသန္တရအမိန့် လိုက်နာရေး အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသန္တရအမိန့် ထုတ်ပြန်ထားမှုကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသန်းဇော်လင်း၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်ဝင်း၊ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံ ဦးအောင်မိုးထွေးတို့က ခွင့်ပြုမိန့်မရဘဲ တောင်ယာများ ခုတ်ထွင်ခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ကြရန် ဥပဒေဆိုင်ရာ အချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေ တိုင်းရင်းသားပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မိုင်းခတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရွာသူကြီးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၇၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)