ပေါက်တောမြို့၌ နေ့စဉ်အားကစားနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

ပေါက်တော မတ် ၃၁

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင် ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဆွေးနွေးကြကြောင်း သိရသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မသန်းစော က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင်ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဖတ်ကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များက သိလိုရှိသည့် အကြောင်းအရာများကို မေးမြန်းကြား အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မသန်းစော၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)