လမ်းမတော်မြို့နယ်တွင် နွေရာသီအခြေခံ “ရိုးရာခြင်းလုံး”သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်  မတ် ၃၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်များနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲအခမ်းအနားကို လမ်းမတော်မြို့နယ် အ.လ.က(၁) မြမာလာခန်းမ၌ ယနေ့နံနက် (၉)နာရီကကျင်းပပြုလုပ်သည်။

အစီအစဥ်အရအခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်ကသင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်မှမြန်မာ့ရိုးရာခြင်းလုံးခတ်ပညာဟာအားကစားတစ်ရပ်ဖြစ်ပေမယ့် ယဥ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းရမှာဖြစ်တယ် ၊ခေတ်အဆက်ဆက်ရိုးရာခြင်းလုံး

ပညာဆက်လက်ထိန်းသိမ်းခွင့်ရခဲ့လို့ ဂုဏ်ယူဝမ်းမြောက်ခဲ့ရပါတယ်၊ ကျောင်းသားလူငယ်များ ရိုးရာယဥ်ကျေးမှုအမွေအနစ်တစ်ရပ်ဖြစ်တဲ့ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပညာအားဆက်လက်ထိန်းသိမ်းပြီး ကျယ်ကျယ်ပြန့်ပြန့် တက်မြောက်စေရန်ရည်ရွယ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးဝင်းတင့်မှလည်းမြန်မာ့ရိုးရာခြင်းလုံးနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နည်းပြချုပ်ဦးခင်မောင်ဝင်းမှ မိမိသင်ကြားခဲ့သောကျောင်းသား/ ကျောင်သူများ၏ ခြင်းလုံးပညာအဆင့်ဆင့်ကို တင်ပြဆွေးနွေးသည်။ ပြီးနောက် တာဝန်ရှိသူများက မြို့နယ်အလိုက်သင်တန်းဆင်းလက်မှက်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍သင်တန်းသားများ၊ လက်ရွေးစင်ရိုးရာခြင်းလုံးအားကစားသမားများမှ ရိုးရာခြင်းလုံးစွမ်းရည်ကိုပြသခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်