ရွှေပြည်သာမြို့နယ်၊ Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရွှေပြည်သာ   မတ်  ၃၁

ကျောင်းသား/သူများအား နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများတိုးပွားစေရန်၊ အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community  Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆရာများအား မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို သင်တန်းဆရာအဖြစ်ဦးချိုဝင်း (ချိုပန်းချီ-ပညာရေး)၊ ဦးထွန်းထွန်း(ကာတွန်း-မြတ်နိုး)တို့က ရုံးပိတ်ရက်များမှအပ မတ်လ(၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး တက်ရောက်လာကြသော သင်တန်းသား/သူ(၃၇)ဦးတို့က စိတ်ပါဝင်စားစွာသင်ယူ‌လေ့လာခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)