မိုင်းရယ်၌ နွေစပါးနှင့်ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧက စိုက်ပျိုးနိုင်ခဲ့

မိုင်းရယ် မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆည်ရေသောက်၊ ဒေသ အလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်လုံးအနေဖြင့် နွေစပါးနှင့်ဆောင်းသီးနှံစုံကို ၈၀၅၄ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၉၁၃၀ ဧက တိုး၍စိုက်ပျိုးနိုင်ခဲ့သည်။ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ်က ၉၄ ဧကစိုက် ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၁၁၇ ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက် ၂၃ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသော ရာသီဉတုအလိုက် လိုက်လျောညီထွေမှု ရှိသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက်အထွက်နှုန်းတိုးစေမည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းများ၊ သီးနှံများ ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှု မရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာများရှိ စိုက်ပျိုးခင်း များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းရယ်ပြန်/ဆက်