ပင်းတယမြို့နယ်၌ အစိုးရပါဠိ ပထမပြန်စာ​မေးပွဲ (၄)ရက်​မြောက် ဆက်လက်​ဖြေဆိုမည်

ပင်းတယ မတ် ၃၁

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၌ (၄)ရက်မြောက် အစိုးရစာ​​​ဖြေပွဲ​တော်အား ယ​နေ့မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ဓမ္မာရုံတွင် ဆက်လက်​ဖြေဆို​သွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ စာ​ဖြေပွဲ​တော်တွင် အခြေပြုမူတန်း(၉၇)ပါး၊ ပထမငယ်တန်း(၃၉)ပါး၊ ပထမလတ်တန်း(၉)ပါး၊ ပထမကြီးတန်း(၄)ပါး စုစု​ပေါင်း(၁၄၉ )ပါး ဝင်​ရောက်​ဖြေဆို၍ စာ​ဖြေပွဲ​တော်ကို ၂၈-၃-၂၀၂၃ ရက်​နေ့မှ ၃-၄-၂၀၂၃ ရက်​နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ စာ​ဖြေသံဃာ​တော်များအတွက် အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် ခဲဘွယ်​ဘောဇဥ်များအား ရပ်​ဝေး၊ ရပ်နီးမှ အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်မှ ထည့်ဝင်လှူဒါန်း​ငွေတို့ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ စာ​ဖြေပွဲ​တော်တွင် ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ ကြက်​ခြေနီအသင်း၊ ကျန်းမာ​ရေးဆရာ၊ ဆရာမများ၊ လူမှုကူညီ​ရေးအသင်းများက လိုအပ်သည်များကို ကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

​အောင်ကိုဦး(ပြန်/ဆက်)