တောင်ကုတ်မြို့နယ်၌ ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကျင်းပ

တောင်ကုတ် မတ် ၃၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုကြရာတွင် ပါဠိပထမပြန်စာမေးပွဲပထမငယ်တန်းတွင် တိကဒုကမာတိကာ ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ(၃၉)ပါးရှိသည့်အနက် (၂၉)ပါးကလည်းကောင်း၊ အခြေပြုမူလတန်းတွင် တိကမာတိကာဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ (၇၄)ပါးရှိသည့်အနက် (၄၅)ပါးကလည်းကောင်း၊ ပထမကြီးတန်းတွင် အဘိဓာန်အလင်္ကာ ဆန်းဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ(၇)ပါးရှိသည့်အနက် (၄)ပါးကလည်းကောင်း၊ ပထမလတ်တန်းတွင် သုတ္တန္တိကမာတိကာဓာတုကထာဘာသာရပ်ကို ဖြေဆိုင်ရန် စာရင်းရှိသံဃာ (၈)ပါးရှိသည့်အနက် (၃)ပါးဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယက အဖွဲ့မှသိရသည်။

သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)