ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နွေရာသီအခြေခံဘောလုံး၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံတောင် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံဘောလုံး၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးက မြန်မာ့သိုင်းသင်တန်းနည်းပြဆရာနှင့်သင်တန်းသားများအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရအင်္ကျီများပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က တိုက်ကွမ်ဒိုသင်တန်းနည်းပြဆရာများ၊ ကရာတေးနည်းပြဆရာများနှင့် သင်တန်းသားများအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရအင်္ကျီများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အ​ခြေခံဘောလုံးအားကစား သင်တန်းသားများ၊ မြန်မာ့သိုင်းသင်တန်းသားများ၊ ကရာတေးဒိုသင်တန်းသားများ၊ တိုက်ကွမ်ဒိုသင်တန်းသားများက သရုပ်ပြတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)