သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မိုဘိုင်းဖုန်း၏ကောင်းကျိုး၊ ဆိုးကျိုးအသိပညာပေး Talk Show ဆောင်ရွက်

သံတွဲ  မတ် ၃၁

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက မိုဘိုင်းဖုန်း ၏ ကောင်းကျိုး၊ ဆိုးကျိုး အသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show တွင် မိုဘိုင်းဖုန်း၏ကောင်းကျိုး၊ ဆိုးကျိုးဆိုင်ရာများ၊ မိုဘိုင်းဖုန်းရှိခြင်း၏ အားနည်းချက် အားသာချက်များ၊ မိုဘိုင်းဖုန်းအသုံးပြုခြင်း၏ အားနည်းချက်အားသာချက်၊ မိုဘိုင်းဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ကျန်းမာရေးပြဿနာများ၊ Electromagnetic တွေရဲ့သက်ရောက်မှုနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာများ၊ မိုဘိုင်းဖုန်း သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် လူမှုအန္တရာယ်ဆိုင်ရာများနှင့် ကြိုတင်သတိထား ဆောင်ရွက်ရမည့်နည်းလမ်းဆိုင်ရာများကို သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသန့်ဇင် (ဓာတ်ပုံကျွမ်းကျင်-၂)နှင့် ဦးနေမျိုးအောင်(ဓာတ်ပုံကျွမ်ကျင်-၂-အင်အားပြ)တို့က ကျောင်းသား၊ ကျောင်းသူများ ပြည်သူများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာ ပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)