တောင်ဥက္ကလာပမြို့နယ်တွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ   မတ်   ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ ထရန်စဖော်ဖာများလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့ ၉ နာရီအချိန်က ဝေဇယန္တာလမ်းနှင့် ရတနာလမ်းတစ်လျှောက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ လျှပ်စစ်အင်ဂျင်နီယာအဖွဲ့မှ တောင်ဥက္ကလာပမြို့နယ်အတွင်း ဓာတ်အားပေးလျက်ရှိသည့် 33kV ကျိုက္ကဆံ-သုဝဏ္ဏ ဖီဒါဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ဝေဇယန္တာလမ်းနှင့် ရတနာလမ်းမပေါ်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သီတာအေး(ပြန်/ဆက်)