ပေါက်တော မတ် ၃၁
ပေါက်တောမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ခုနှစ် နွေရာသီအခြေခံအားကစားနည်း ဘောလုံးသင်တန်းကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေ အားကစားကွင်း၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားနည်းသင်တန်းကို ပေါက်တောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမြမင်းထွန်းက နွေရာသီအားလပ်ရက်ကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးတတ်စေရန် ဘောလုံးအားကစားနည်း၏ အခြေခံနည်းစနစ်များကို စနစ်တကျ သင်ယူနိုင်စေရန် ဖွင့်လှစ်လျက်ရှိကြောင်းပြောကြသည်။
ယင်းနွေရာသီအခြေခံအားကစားနည်း သင်တန်းတွင် ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကာယဆရာဆရာမများကဦးစီးပြီး ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)