ဝမ်းတွင်း မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကြီးကို မတ်လ (၂၈)ရက်နေ့မှ စတင်ကာ ဗဟိုကျောင်း တိုက်တွင် ရဟန်း၊ သာမဏေ ၊ သီလရှင်ဆရာလေးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်
ဝမ်းတွင်းမြို့နယ်အနေဖြင့် ပါဠိပထမပြန် စာမေးပွဲကို နှစ်စဥ်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ အခြေပြု မူလတန်း စသည့်အတန်းများအလိုက် ဆရာတော်များ၊ သီလရှင်ဆရာလေးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး အကြီးတန်းအနေဖြင့် ဒွေမာတိကာ ဘာသာရပ်၊ အလတ်တန်းတွင် ဒွေမာတိကာနှင့် ဓမ္မပဒဘာသာရပ်၊ အငယ်တန်းတွင် ဘိက္ခုပါတိ မောက်နှင့် ဓမ္မပဒဘာသာရပ်၊ အခြေပြုမူလတန်းတွင် ဘိက္ခုပါတိမောက်နှင့် သုကုမာရ ဘာသာရပ်များကို ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်၌ ကျင်းပလျှက်ရှိသော ပါဠိပထမပြန် စာမေးပွဲအား မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်း(၇)ပါး၊ သာမဏေ (၆၆) ပါး၊ သီလရှင်(၁၇)ပါး စုစုပေါင်း (၉၀)ပါးတို့မှ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ဆွမ်း၊ ဘောဇဥ်၊ အချိုရည်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် အလှူရှင် ကုသိုလ်ရှင်များမှ ဆပ်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်